ရန်ကုန်၊    ဇန်နဝါရီ

၂၀၂၀ ပြည့်နှစ်အတွင်း လူကုန်ကူးမှု ၁၁၁ မှု ဖြစ်ပွားပြီး လူကုန်ကူးခံရသူ ၁၆၇ ဦးရှိသည့်အနက် အမျိုးသမီးကလေးငယ် ၃၉ ဦး ပါဝင်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ လူကုန်ကူးမှုများမှာ ဇန်နဝါရီတွင် ၁၅ မှု၊ ဖေဖော်ဝါရီတွင် မှု၊ မတ်တွင် မှု၊ ဧပြီတွင် မှု၊ မေတွင် မှု၊ ဇွန်တွင် ၁၅ မှု၊ ဇူလိုင်တွင် ၁၄ မှု၊ သြဂုတ်တွင် ၁၆ မှု၊  စက်တင်ဘာတွင် မှု၊ အောက်တိုဘာတွင် မှု၊ နိုဝင်ဘာတွင် မှုနှင့် ဒီဇင်ဘာတွင် မှု ဖြစ်ပွားခဲ့သည်။

ယင်းအမှုများတွင် လူကုန်ကူးမှု တရားခံပေါင်း ၃၃၉ ဦး ဖမ်းဆီးရမိပြီး လူကုန်ကူးခံရသူပေါင်း ၁၆၇ ဦး ရှိခဲ့သည်။

အဆိုပါ  လူကုန်ကူးမှုများတွင် အဓမ္မလက်ထပ်မှု၊ အဓမ္မပြည့်တန်ဆာပြုမှုနှင့် အဓမ္မလုပ်အား စေခိုင်းမှုတို့ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်၊ ထိုင်း၊ မလေးရှားနှင့် ပြည်တွင်း၌ပင် လူကုန်ကူးခံရခြင်းဖြစ်ကာ အများစုမှာ တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်မှု ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ်အတွင်း လူကုန်ကူးမှု ၁၁၁ မှုအနက် တရုတ်နိုင်ငံတွင် အဓမ္မလက်ထပ်မှု  ၈၃ မှု၊ ပြည်တွင်းတွင် အဓမ္မလက်ထပ်မှု သုံးမှု၊ထိုင်းတွင် အဓမ္မလက်ထပ်မှု တစ်မှု၊ပြည်တွင်းတွင် အဓမ္မပြည့်တန်ဆာပြုမှု ၁၂ မှု၊ ထိုင်းတွင် အဓမ္မပြည့်တန်ဆာပြုမှုတစ်မှု၊ ပြည်တွင်းတွင် အဓမ္မလုပ်အားစေခိုင်းမှု မှု၊ မလေးရှားတွင် အဓမ္မလုပ်အားစေခိုင်းမှု မှု၊  တရုတ်တွင် အဓမ္မလုပ်အားစေခိုင်းမှု တစ်မှုနှင့် တရုတ်တွင် အဓမ္မ အငှားကိုယ်ဝန်ဆောင်မှု တစ်မှုတို့ဖြစ်သည်။

ထို့ပြင် ၂၀၂၀ ခုနှစ်အတွင်း လူကုန်ကူးခံရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ရှမ်းပြည်နယ်တွင် ၃၇ မှု​​ဖြင့် အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၃၀ မှုဖြင့် ဒုတိယအများဆုံးဖြစ်ကာ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တွင် ၁၀ မှုစီဖြင့် တတိယအများဆုံးဖြစ်ကြောင်း၊  ဧရာဝတီတိုင်းဒေသကြီးတွင် မှု၊  ပဲခူးတိုင်းဒေသကြီးတွင် မှု၊ တနသာ်ရီတိုင်းဒေသကြီးတွင် မှု၊ မကွေးတိုင်းဒေသကြီးနှင့်နေပြည်တော်တို့တွင် မှုစီ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တစ်မှုစီ ဖြစ်ကြောင်း သိရသည်။

ငြိမ်းငြိမ်း