မြိတ်၊  ၄  ဇန်နဝါရီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သမဝါယမဦးစီးဌာနနှင့် မြိတ်မြို့နယ် သမဝါယမအသင်းစုတို့သည်  ကိုဗစ်-၁၉ ဖြစ်ပွားစဉ်ကာလအတွင်း ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အခက်အခဲများအား ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် မြိတ်မြို့နယ်အတွင်းရှိ ထိပ်တန်းရောင်းဝယ်ရေး သမဝါယမအသင်း ၊ ဝန်မယ်ကျေးရွာ မဏိမေခလာလယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းတို့နှင့် ချိတ်ဆက်၍ လေလံငါးဈေးကြီးမှ ပလာတူးငါး အပါအဝင် ရေငန်ငါးမျိုးစုံ ပိဿာချိန် ၁၆၀ ကို တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့်  No Profit, No Loss ဟူသော သမဝါယမမူအတိုင်း မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားပြည်သူများ ထံဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

MDN