မြန်အောင်၊    ၅  ဇန်နဝါရီ 

မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဇန်နဝါရီ  ၅  ရက် နံနက်ပိုင်းက မြန်အောင်မြို့ နေခြည်ဈေးရှေ့တွင် ဆောင်ရွက်ခဲ့သည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ် ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ စုပေါင်း၍ နေခြည်ဈေးရှေ့ လူစည်ကားရာ နေရာတွင် ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် "လူသည်ရောင်းကုန်မဟုတ်ပါ''၊ လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးခံရလျှင် ဖြစ်‌လာမည့် ဆိုးကျိုးများ၊ လူကုန်ကူးမှုကိစ္စရပ်များတွေ့ရှိပါက အနီးဆုံးရဲတပ်ဖွဲ့စခန်းသို့ အကြောင်းကြားရန် နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ အရေးပေါ်ဖုန်းနံပတ်များ၊ လူကုန်ကူးမှု တားဆီး ကာကွယ် ရေး ဥပဒေပါ ပြစ်ဒဏ်များအကြောင်း ပါဝင်သည်။

ဝင်းဗိုလ်(ပြန်/ဆက်)