ရွှေသောင်ယံ၊ ၅ ဇန်နဝါရီ
ပုသိမ်ခရိုင် ရွှေသောင်ယံမြို့တွင် မီးသင်္ဂြိုဟ်စက်တည်ဆောက်ရာသို့ ရွှေသောင်ယံမြို့ အမှတ်(၂) ရပ်ကွက်မှ ကွယ်လွန်သူ ဘိုး၊ဘွားများနှင့် ကွယ်လွန်သူမိဘများအား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ် ၇၅ သိန်းကို ဇန်နဝါရီ ၄ ရက် ညနေပိုင်းက လာရောက်လှူဒါန်းခဲ့ကြသည်။
အဆိုပါမီးသင်္ဂြိုဟ်စက်ကို ရွှေသောင်ယံ၊ ဆိတ်ကြီး(၁၄)မိုင်(၆)ဖာလုံကားလမ်းဘေး ရွှေသောင်ယံမြို့ အမှတ်(၁) ရပ်ကွက်နှင့် ၆ ဖာလုံခန့်အကွာ တောင်ကုန်းပေါ်၌ တည်ဆောက်လျက်ရှိပြီး လုပ်ငန်းများ စနစ်တကျ လည်ပတ်နိုင်ရန်အတွက် ရွှေသောင်ယံမြို့ရပ်ကွက်(၁၊၂၊၃)အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အလှူငွေများကို စနစ်တကျစီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုကိုမောင်(ပြန်/ဆက်)


