၅ ဇန်နဝါရီ
ဘိုလီးဗီးယားနိုင်ငံခြားရေးဝန်ကြီး ရိုဂီလီအိုမေတာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည်ဟု ယမန်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
နိုင်ငံခြားရေးဝန်ကြီးသည် ကျန်းမာရေးအခြေအနေ တည်ငြိမ်မှုရှိနေပြီး ဆေးဘက်ဆိုင်ရာကြီးကြပ်မှု ခံယူနေကြောင်းနှင့် သီးခြားနေထိုင်နေကြောင်း ထိုဝန်ကြီးဌာနက ကြေညာချက်တွင် ပြောကြားခဲ့သည်။
မေတာသည် သမ္မတ လူးဝစ္စအာစီ အစိုးရအဖွဲ့တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယမြောက် ကူးစက်ခံရသော အစိုးရအဖွဲ့ဝန်ကြီး ဖြစ်သည်။
၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က ကာကွယ်ရေးဝန်ကြီး အက်ဒ်မန်ဒို နိုဗယ်လို ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပြီး ၎င်း၏ ကျန်းမာရေး အခြေအနေမှာလည်း တည်ငြိမ်လျက်ရှိသည်ဟု သိရသည်။
ဒုတိယဝန်ကြီး အချို့သည်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဂျော့ချ်ရစ်ချတာက ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ပြောကြားခြင်း မရှိခဲ့ပေ။
ပြီးခဲ့သည့် ၁၀ လနီးပါးက စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် ရောဂါကူးစက်သူဦးရေ ၁၆၂၆၆၁ ရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၉၂၀၁ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို