ပုသိမ် ၅ ဇန်နဝါရီ

ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်မြို့ အောင်ဧရာစျေး(ဘူတာစျေး)ကို COVID-19  ကူးစက်မှုများ ဖြစ်ပေါ်လာ ခဲ့သဖြင့် ဒီဇင်ဘာ ၂၂ ရက်မှ စတင်ကာ  ယာယီပိတ်ထားခဲ့ရာ၊ ယခုအခါ သတ်မှတ်ပိတ်ရက်ပြည့်သဖြင့် ဇန်နဝါရီ ၅ ရက်  နံနက်ပိုင်းမှစ၍ ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

စျေးရောင်း၀ယ်ခွင့်ကို ပြန်လည်ခွင့်ပြုလိုက်သော်လည်း၊ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာရန်နှင့် စျေးရောင်းသူ၊ စျေးဝယ်သူများပါ Mask တပ်ကြရန်၊ လက်ဆေးကြရန်၊ တိုးကြိတ်ဝယ်ယူခြင်းအား ရှောင်ကြဥ◌်ကြရန်သက်ဆိုင်ရာမှ နှိုးဆော်ထားကြောင်းသိရသည်။

မောင်မောင်မြင့်(ပြန်/ဆက် )