တီးတိန်            ဇန်နဝါရီ

 

ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် ဇန်နဝါရီ ရက်  နံနက် နာရီက ကိုဗစ်- ၁၉ ကြောင့် အသွားအလာကန့်သတ်ထားသည့် တွီးထန်ကျေးရွာသို့ သွားရောက်ပြီး ဆန်၊ စားသောက်ဖွယ်များ၊ ကျန်းမာရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ပြီး နှစ်သိမ့်အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရသည်။

 

58558

 

ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် ချင်းပြည်နယ်အစိုးရမှ ထောက်ပံ့သည့် ဆန်အိတ်(၁၀ဝ) ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် မိသားစုမှ ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ကျေးရွာတာဝန်ရှိသူတို့ ထံ လွှဲပြောင်းပေးအပ်သည်။

 

တွီးထန်ကျေးရွာတွင် အိမ်ခြေ (၅၈၅)နှင့် လူဦးရေ စုစုပေါင်း (၃၁၂၉) ဦး နေထိုင်ပြီး ယခု လတ်တလော အချိန်တွင် ကိုဗစ်- ၁၉ ပိုးတွေ့အတည်ပြုလူနာ (၂၂) ဦး ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။

 

ပေါင်ကျင့်မုန်(ပြန်/ဆက်)