ထီးလင်း၊   ၅   ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၉၄ ရွာအနက် ကျေးရွာ ၂၈ ရွာ၌ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိနေပြီဖြစ်သည်။

ထီးလင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်၌ (66/11) KV (5 MVA) ဓာတ်အားခွဲရုံဖြင့် လည်းကောင်း၊ ဂန့်ဂေါခရိုင် ကျောမြို့ရှိ (66/11) KV (2 MVA) ဓာတ်အားခွဲရုံဖြင့် လည်းကောင်း၊ မြစ်သာရေအားစက်ရုံမှ(11/KV)ဖြင့် လည်းကောင်း လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်း၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၆ ရွာ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၉ ရွာ၊ NEP Phase-1 ဖြင့် ကျေးရွာ ၃ ရွာ၊ စုစုပေါင်း ကျေးရွာ ၂၈ ရွာတွင် လျှပ်စစ်မီးရရှိနေပြီဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျေးရွာ (၂၀)နှင့် NEP Phase-2 ဖြင့် ကျေးရွာ(၁၇)ရွာတွင် ကျေးလက်ဒေသ မီးလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

အောင်စည်(ပြန်/ဆက်)