ကောလင်း  ၅  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ကျေးလက်ဒသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု"ဖျာ၊တောင်းရက်လုပ်ခြင်း"သင်တန်းအား ယွန်းအိုး ကျေးရွာအုပ်စု ယွန်းအိုးကျေးရွာတွင် ဒီဇင်ဘာ ၄ ရက်က ဖွင့်လှစ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင်က သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးကြီးကြပ် ဦးအောင်နိုင်က ကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့သည်။

 

သင်တန်းတွင် သင်တန်းသားဦးရေ  ၂၀  အား သင်တန်းကာလ ၁၅ ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ပြီး တစ်ပိုင် တစ်နိုင် ဆောင်ရွက်ခြင်းမှသည် စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်နိုင်ကာ မိသားစုများ ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကောလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)