ရန်ကုန်၊ ၅ ဇန်နဝါရီ

တရုတ်နိုင်ငံမှ မှာယူကာသယ်ဆောင်လာသည့် လေအိတ်ရထား တွဲဆိုင်း(၂၈)ဆိုင်းသည် ရန်ကုန်သီလဝါ (MITT)ဆိပ်ကမ်းသို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့တွင် စတင်ရောက်ရှိကြောင်း သိရသည်။

အဆိုပါလေအိတ်ရထားတွဲဆိုင်းများသည် လူစီးရထားတွဲဆိုင်းများဖြစ်ပြီး ရိုးရိုးတန်း (၁၄)တွဲ အထက်တန်း(၁၄)တွဲပါဝင် ပါသည်။ မြန်မာ့မီးရထား တာဝန်ရှိသူများအဖွဲ့မှ အဆိုပါတွဲဆိုင်းများကို အဆင့်ဆင့် လက်ခံသယ်ယူကာ မြစ်ငယ်အလုပ်ရုံသို့ ပို့ဆောင်၍ ရထားလမ်းပိုင်းများတွင် ပြေးဆွဲနိုင်အောင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

#ရန်ကုန်သတင်းဌာနခွဲ

#MRTV