ဆိုးလ်၊ ၅ ဇန်နဝါရီ
COVID-19 ကူးစက်ရောဂါကာလအတွင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားရောက်ရန် စောင့်ဆိုင်း နေကြသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင် တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးလျက်ရှိရာ ဇန်နဝါရီ ၅ ရက်တွင် မြန်မာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် (၃၈)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲရန် စီစဉ်ပေးခဲ့သည်။
အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၆:၃၅ နာရီတွင် ထွက်ခွာခဲ့ပြီး ကိုရီးယား နိုင်ငံမှ (၆၅)ဦး၊ ကနေဒါမှ (၁) ဦး၊ အီတလီမှ (၁) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁၀) ဦး၊ မြန်မာနိုင်ငံသားခရီးသည် စုစုပေါင်း (၇၇) ဦး တို့စီးနင်းလိုက်ပါခဲ့သည်။ လိုက်ပါမည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
Crd>>>Ministry of Foreign Affairs Myanmar


