နေပြည်တော်၊ ၅ဇန်နဝါရီ
COVID-19 ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူကို အသိပညာမျှဝေပေးမည့် “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်” ကို နိုဝင်ဘာ ၂၅ ရက်မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသလျက်ရှိသည်။
ဇန်နဝါရီ ၆ ရက် (ဗုဒ္ဓဟူးနေ့) ညနေတွင် တစ်ကမ္ဘာလုံးတွင် ဖြစ်ပေါ်လျက်ရှိသည့် Sharing Economy နှင့် အနာဂတ်တွင် အရေးပါမှုဆိုင်ရာ ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်အား ဧရာဝတီဘဏ်- ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုဒါရိုက်တာ ဦးချစ်ထွန်းဖေနှင့် Oway Group ဥက္ကဋ္ဌ ဦးနေအောင်တို့က ဆွေးနွေးကြမည်ဖြစ်ရာ ၎င်းဆွေးနွေးချက်များကို ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
MRTV


