မြိတ်၊ ၆ ဇန်နဝါရီ
သဘာဝဘေးအန္တရာယ်များဖြစ်သော ရေဘေး၊ လေဘေး၊ ငလျင်ဘေးစသည့် ဘေးအန္တရာယ်များဖြစ်ပေါ် လာပါကကာကွယ်နိုင်ရန်ရည်ရွယ် ၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ ၊ ကန်ဖျားရပ်ကွက်၊ မစိုရိမ်းကျောင်းအနီးရှိ ဉီးချစ်ဟို ပိုင်ဆိုင်သည့် ခုနစ်ထပ် အဆောက်အဉီတွင် ဇန်နဝါရီ ၆ ရက် နံနက် ၈ နာရီခန့်က ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ငလျင်ဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို မြိတ်ခရိုင် မီးသတ်ဉီးစီးဌာနမှ ခရိုင်မီးသတ်ဉီးစီးမှူး ဉီးဇော်ဝင်းနှင့် သန္ဓေသတ်တပ်ဖွဲ့ဝင်များ၊ မြိတ်မြို့မရဲစခန်းမှ ဒုရဲအုပ် အောင်ဖြိုးနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယကြက်ခြေနီတပ်ဖွဲ့မှူး ဉီးဇော်မင်းထွန်းနှင့် တပ်ဖွဲ့ဝင်များက Heavy Rescue 6×6 ယာဉ်တစ်စီး၊ ရှာဖွေ့ကယ်ဆယ်ရေး ယာဉ်တစ်စီးနှင့် အုပ်ချုပ်မှုယာဉ်တစ်စီး၊ လူနာတင်ယာဉ်တစ်စီးတို့ဖြင့် ပူးပေါင်းလေ့ကျင့်ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
ငလျင်ဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် မီးသတ် တပ်ဖွဲ့ဝင်များက အထပ်မြင့်အဆောက်အဉီအတွင်းမှ ထိခိုက်ဒဏ်ရာရရှိသူများအား ရှာဖွေခြင်း၊ လူနာများအား ယာယီကယ်ဆယ်ရေးစခန်းရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်များထံသို့ အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးသူနာပြုနည်းများဖြင့် အရေးပေါ် ကုသမှုဆောင်ရွက်ပေးခြင်း၊ လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ခြင်း၊ ငလျင်ဘေး ဖြစ်ပေါ် ပါက ကျရောက်တတ်သော အန္တရာယ်များကို လျော့နည်းအောင်ဆောင်ရွက်မှုများကို လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရာသို့ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက တက်ရောက်အားပေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြင့်ဉီး(မြိတ်)


