မြောင်းမြ ၊ ၆ ဇန်နဝါရီ
မြောင်းမြခရိုင်၊ မြောင်းမြို့နယ် လူငယ်ရေးရာကော်မတီမှဉီးစီးကျင်းပသော " ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဌာနဆိုင်ရာများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍစကားဝိုင်း" ကို လာမည့် ဇန်နဝါရီ ၇ ရက်နေ့၊ ညနေ ၆ နာရီခွဲ၌ Video Conferencing စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။
ဆွေးနွေးပွဲတွင် မြောင်းမြမြို့နယ်အုပ်ချုပ်ရေးမှူးဉီးကျော်ဆွေ က" ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ တွေ့ကြုံရသည့် စိန်ခေါ်မှုများ" ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန ခရိုင်ဉီးစီးမှူး ဒေါက်တာဒေါ်တင့်တင့်ကျော် က" ကူးစက်ပျံ့နှံ့နေမှုနှင့် ပတ်သက်ပြီး ကာကွယ်တားဆီးရေးနှင့် ဆက်လက်တုန့်ပြန် ဆောင်ရွက်သွားမည့် အစီအမံများ" ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း၊ ခရိုင်လူမှုဝန်ထမ်း ဉီးစီးဌာန ခရိုင်ဉီးစီးမှူး ဒေါ်အေးနော်ဝင်း က " အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေနှင့် ပံ့ပိုးကူညီမှုများ" ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း၊ ကရုဏာရှင်လူငယ်များအသင်းမှ ဉီးကျော်စွာထွန်းက " အစိုးရဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ အခက်အခဲများ " ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း၊ မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဌ ဉီးစိုးမိုးက ဉီးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ပြီး အမေးအဖြေ ကဏ္ဍတို့ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)


