ဘိုကလေး၊    ၆   ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ပိုက်စလကျေိးရွာအုပ်စု ဝက်ကော်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ ကျောင်းပိုင်မြေ ကွန်ကရစ်လမ်း၊ ဆက်သွယ်ရေးရွာလမ်းသည် ဇန်နဝါရီ ၅ ရက်က  မြေပြိုကျမှု ဖြစ်ပွားခဲ့သည်။

 

အဆိုပါ ကွန်ကရစ်လမ်းသည် အလျားပေ(၁၂၀)၊ အနံ(၇)ပေခွဲ၊ အမြင့်(၄)လက်မ တည်ရှိပြီး လက်ရှိ အခြေအနေတွင် အလျား(၃၅)ပေ၊ အနံ(၃)ပေ ပြိုကျသွားခဲ့ရာ ဆက်လက်အန္တရာယ်မဖြစ်စေရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်၍ ကျောင်းအုပ်ဆရာကြီးအပါအဝင် ရပ်မိရပ်ဖများ၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူးတို့မှ ပူးပေါင်း၍ ပြိုကျမြေကြီးများအား အကာအရံများပြုလုပ် ဆောင်ရွက်ထားရှိသည်။

 

အဆိုပါ လမ်းသည်မြစ်ရေ တိုက်စားမှုကြောင့်  အချိန်မရွေး ပြိုကျသွားနိုင်ပြီး အများပြည်သူအတွက် အန္တရာယ်ရှိလာနိုင်သည့်အတွက် လိုအပ်သည့် လမ်းညွှန်မှုများပေးနိုင်ရေး ကျေးရွာတာဝန်ရှိသူများမှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ ဖြစ်စဉ်အား တင်ပြအကြောင်းကြားထားရှိကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)