လှိုင်းဘွဲ၊ ၆ ဇန်နဝါရီ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီ ၅ ရက်က မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းမှုအနေဖြင့် လှိုင်းဘွဲမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်ရာတွင် လျင်မြန် လွယ်ကူစေရန်နှင့် ထိရောက်စေရန် လိုအပ်နေသော ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ ဖြည့်ဆည်းပေးရန်နှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လှိုင်းဘွဲမြို့နယ် ဆရာဝန်ကြီး ဒေါက်တာခင်မျိုး မိသားစုမှ အလှူငွေကျပ် (၅)သိန်းနှင့် (က)ရပ်ကွက် အာဇာနည်လမ်း ဒေါ်နန်းမြင့်သီခိုင် မိသားစုမှ အလှူငွေကျပ်(၃)သိန်းတို့ကို မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


