မောက်မယ် ၊  ၆      ဇန်နဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန  နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေကျပ် (၃၇၃ ဒသမ ၈) သန်းဖြင့် ဆောင်ရွက် လျက်ရှိသော မောက်မယ်မြို့နယ်မှ ကဒူးကြီးကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသည့် မောက်မယ်− နမ့်လွတ်− ကဒူးလေး−ဒုံပုံး−နားဟီး ကျေးရွာချင်းဆက် ကျောက်ချောလမ်း (၃၄/ဝ)မိုင် အနက် ရာသီဥတုဒဏ်ကြောင့် ပျက်စီးခဲ့သောလမ်းပိုင်း(၅/ဝ)မိုင်အား ကျောက်ချောလမ်း ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက် ရှိသည်။

 

အဆိုပါ ကျောက်ချောလမ်း ဖောက်လုပ်ပြီးစီးပါက မောက်မယ်မြို့နယ်မှ အလှမ်းဝေးသော ကယားပြည်နယ် အစပ်ရှိ ကဒူးကြီးကျေးရွာအုပ်စုအတွင်း ကျေးရွာ (၂၃)ရွာ ၊ အိမ်ခြေပေါင်း (၈၅၀)နှင့် လူဉီးရေ (၄၃၉၃) ဦးတို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီး ဒေသတွင်း ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေး ကဏ္ဍများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

စိုင်းမျိုးသန့်( မောက်မယ်)