ကလေး၊ ၆ ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေးကာလအတွင်း ကလေးမြို့နယ်အတွွင်းရှိ သီလရှင် များအား စားနပ်ရိက္ခာများဖြန့်ဝေလှူဒါန်းကို ဇန်နဝါရီ  ၆  ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စားနပ်ရိက္ခာများ ဖြန့်ဝေလှူဒါန်းရာတွင် ကလေးမြို့နယ်အတွင်းရှိ အောင်မင်္ဂလာ ကျောင်းတိုက်၊ သီရိမင်္ဂလာကျောင်းတိုက်၊ သီတာအေးကျောင်းတိုက်၊ ဓမ္မဝေစည်ကျောင်းတိုက်၊ နန်းကလိန် ကျောင်းတိုက်၊ တောင်ဖီလာကျောင်းတိုက်၊ ရွှေမြင့်မိုရ်ကျောင်းတိုက်၊ သာသနာပြုသီလရှင် ကျောင်းတိုက်၊ အေးမေတ္တာကျောင်းတိုက်၊ ချမ်းအေးရိပ်သာကျောင်းတိုက်၊ ချမ်းမြေ့အောင်စည်ကျောင်း တိုက်၊ မြစည်တော် သာသနာ့ရိပ်သာကျောင်းတိုက်၊ ရှားဖိုသီလရှင်ကျောင်းတိုက်၊ အေးသစ္စာမြိုင်ကျောင်း တိုက်၊ မဏိဇောတကျောင်း၊ ရူပါထေရီကျောင်းအစရှိသည့် သီလရှင်ကျောင်းတိုက်တို့မှ သီလရှင် စုစုပေါင်း (၁၁၈)ပါးတို့အတွက် တစ်ပါးလျှင် ဆန်(၄)ပြည်၊ ဆီတစ်ပိဿာ၊ ကြက်ဉ(၁၀)လုံး၊ ကုလားပဲ တစ်ပြည်၊ ငါးပိ တစ်ထုတ်၊ မာမားခေါက်ဆွဲ(၆)ထုပ်ပါ တစ်တွဲတို့အပြင် နှာခေါင်စည်း Mask (၅၀)ခုပါ တစ်ထုပ်တို့ကို လှူဒါန်းခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သီလရှင်များအား စားနပ်ရိက္ခာများ လှူဒါန်းခြင်းသည် စတုတ္ထအကြိမ်ပေးအပ် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)