ကျိုက်မရော၊ ၆ ဇန်နဝါရီ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဆောင်းရာသီပဲမျိုးစုံနှင့် အခြားသီးနှံမျိုးစုံအတွက် စိုက်ပျိုးစရိတ် ချေးငွေများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှစတင်၍ ထုတ်ချေးပေးခဲ့ရာ ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီ က ကော့ကလော့ကျေးရွာရှိ တောင်သူ(၃၂)ဦးအား ပဲမျိုးစုံစိုက်ဧက ၁၉၃ ဧကအတွက် စုစုပေါင်း ချေးငွေကျပ် ၂၈၉,၅၀ဝ၀ဝ ထုတ်ချေးပေးနေမှုများကို မွန်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ပြည်နယ် မန်နေဂျာ ဦးကျော်စွာလှိုင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုကာ ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မန်နေဂျာ ဒေါ်သီတာထွန်းကလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းသီးနှံပဲမျိုးစုံအပြင် အခြား မီးဖိုချောင်သုံးသီးနှံများဖြစ်သည့် ငရုတ်၊ ကြက်သွန်၊ စသည့် သီးနှံများစိုက်ပျိုးရန်အတွက် လည်း ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အထူးချေးငွေအဖြစ် တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် တောင်သူ တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းစီ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် အတိုးနှုန်းမှာ ကျပ် ၁၀ဝ အတွက် ၅ ရာခိုင်နှုန်းသာဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်သီတာထွန်းထံမှ သိရသည်။
ချိုချို(ပြန်/ဆက်)


