ဟင်္သာတ၊ ၆ ဇန်နဝါရီ

ဟင်္သာတမြို့နယ်၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွါးနေစဉ်ကာလအတွင်း ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အခက်အခဲများကို ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် ပြည်သူများ ရေထွက် ပစ္စည်းများ အခက်အခဲမရှိ ဝယ်ယူနိုင်ရန်အတွက် ဇန်နဝါရီ ၆ ရက် နံနက် ၆ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌  ရေချိုငါးမြစ်ချင်းများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောင်းချမှုကို ဟင်္သာတမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမအသင်းစု(မိသားစု) တို့က စုပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်သမဝါယမဦးစီးမှူး ဦးကြည်လင်နှင့် အသင်းစု ဥက္ကဋ္ဌ ဦးခင် မောင်ကြည်တို့ အနီးကပ်ကြီးကြပ်မှုဖြင့် ငါးမြစ်ချင်း တစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀ နှုန်းဖြင့် ပိသာချိန်(၉၀)ကိုစျေးနှုန်းချိုသာစွာဖြင့် No Profit , No Loss ဟူသော သမဝါယမ မူအတိုင်း လာရောက်ဝယ်ယူသူများကို ရောင်းချပေးခဲ့ကြသည်။

ကျော်ကျော်(ပြန်/ဆက်)