ပုသိမ်  ၆  ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ငဝန်မြစ်ကြောင်းအတွင်း၌ ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက ခရီးသည်တင် သင်္ဘောနှင့် ပဲ့ထောင်တိုက်မှုကြောင့် ပဲ့ထောင်နစ်မြုပ်ခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ  ကျော်မျိုးသူ (၂၇)နှစ်မောင်းနှင်ပြီး လူ ၈ ဦး စီးနင်းလိုက်ပါလာသည့် ပဲ့ထောင်နှင့် ကျောက်ငူ ဆိပ်ဘက်မှ မောင်းနှင်လာစဉ်      ဦးစိုးလွင်(၆၇)နှစ် မောင်းနှင်လာသည့် အောင်စည်မြတ် ခရီးသည်တင် သင်္ဘောတို့  တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် ပဲ့ထောင်ပါ လူ ၈ ဦးအနက်မှ တစ်ဦးမှာ ပျောက်ဆုံးလျှက်ရှိကြောင်း ၎င်းအား ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

 

သတင်း/ဓာတ်ပုံမောင်မောင်မြင့်(ပြန်/ ဆက် )