ကန်ကြီးထောင့်   ၆  ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွေရာသီကာလ ရေရှားပါးပြတ်လပ်မှုများဖြစ်ပေါ်ခဲ့ပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်အကြောင်းကြား အကူအညီတောင်းခံနိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်ထံမှ သိရသည်။

"ကျေးရွာတွေမှာ နွေရာသီကာလ ရေရှားပါးပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့ရင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို ကျေးရွာများမှ တာဝန်ရှိသူများထံ ဖြန့်ဝေပေးထားပါတယ်။ ကျေးလက်နေ ပြည်သူတွေ သန့်ရှင်းသော သောက်သုံးရေ ရရှိသုံးစွဲနိုင်ရေးအတွက် ရေရရှိရေးလုပ်ငန်းများကို ဘဏ္ဍာ နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာလည်း ခွင့်ပြုရန်ပုံငွေကျပ် ၈၂ ဒသမ ၇၈ သန်းဖြင့် ကျေးရွာ (၉) ရွာမှ ပြည်သူ (၃၆၀၀)ကျော်ကို အကျိုးပြုစေ မည့် သောက်သုံးရေ ရရှိရေးလုပ်ငန်းများဖြစ်သည့် တွင်းနက် (၅)တွင်းနှင့် မြေသားရေကန် (၄)ကန် တူးဖော်ခြင်းလုပ်ငန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း" မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာများ နွေရာသီကာလ ရေရှားပါးပြတ်လပ်မှုများနှင့် ကြုံတွေ့လာပါက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရုံးဖုန်း ၀၄၂-၄၅၁၈၅၊ ၀၄၂-၄၅၂၂၅ သို့လည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်၊ ဖုန်း ၀၉-၄၄၂၄၈၁၃၃၆ ၊ ၀၉-၇၈၄၃၆၃၂၆၁ သို့လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးဟန်ပိုင် ဖုန်း ၀၉-၉၅၃၆၉၉၅၅၇ သို့လည်းကောင်း ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)