နေပြည်တော်၊ ၆ ဇန်နဝါရီ
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံ(ရေဒီယို)တွင် ထင်ရှားကျော်ကြားခဲ့သော တေးသီချင်းများအနက်မှ (၇၅)ပုဒ်ကို ရွေးချယ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း MRTV ၏ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်လျက်ရှိရာ ဇန်နဝါရီ ၈ ရက် ညတွင် ပွဲစဉ် (၅)ကို ဆက်လက်ဖျော်ဖြေမည်ဖြစ်သည်။
အဆိုပါပွဲစဉ်တွင် ဂီတမှူး နိုင်ဇော်နှင့် ART ROBOTS တေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် မြန်မာပြည်သိန်းတန်၊ စိန်ဝင်းထွန်း၊ မေခလာ၊ Lဆိုင်းဇီ၊ မေစံပယ်ညို၊ သဲနုဝါနှင့် အေးမြဖြူတို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး ယင်းတင်ဆက်မှုကို ဇန်နဝါရီ ၁၀ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


