လှိုင်းဘွဲ ၊      ၇    ဇန်နဝါရီ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါများ ကင်းဝေးစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ဇန်နဝါရီ  ၆  ရက်က မြိုင်ကြီးငူ အထူးဒေသ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဆောင်ရွက်ခဲ့သည်။

 

အဆိုပါမွေးစမှ အသက် ၂ နှစ်အောက်ကလေးငယ်များအား မြိုင်ကြီးငူအထူးဒေသ ကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းသဇင်က ကြီးကြပ်၍ အသည်းရောင်အသားဝါဘီရောဂါ၊ ပိုလီယို အကြောသေ ရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကာကွယ်ရန်အတွက် အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ ထိုးပေးခြင်း၊ တိုက်ပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)