လှိုင်သာယာ၊ ၇ ဇန်နဝါရီ

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌  လမ်းများပေါ်တွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး အများပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် (၂၀၂၀−၂၀၂၁)တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် မြေသားလမ်းများအား ကွန်ကရစ်လမ်းခင်းဆောင်ရွက်ရန် လမ်းနယ်နိမိတ်များတိုင်းတာ စိုက်ထူခြင်းကို ဇန်နဝါရီ ၆ ရက်  မွန်းလွဲ (၁) နာရီခန့်က လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၁၃)ရပ်ကွက်ရှိ ဇင်ယော်လမ်းအား ကွန်ကရစ်လမ်းခင်း ဆောင်ရွက်ရန်အတွက် လမ်းနယ်နိမိတ်များစိုက်ထူခြင်းနှင့် လမ်းနယ်နိမိတ်အတွင်းရှိ အဆောက်အဦများအား ရှင်းလင်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၂) ဦးဇော် အောင်၊       စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသိန်းလွင်၊ အမှတ်(၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့၍ အများပြည်သူများသွားလာရေး အဆင်ပြေစေရန် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)