ရှမ်းရွာသစ်၊   ၇   ဇန်နဝါရီ

 

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့တွင် ပုံမှန်လယ်ယာစိုက်ပျိုးခြင်းမှ မိသားစုတစ်ပိုင်တစ်နိုင် ရိုးရာလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ ရာသီပေါ်ကြံသကာချက်လုပ်ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိသည်။

 

အဆိုပါ ကြံသကာချက်လုပ်ရောင်းချခြင်းလုပ်ငန်းတွင် "ကြံများကို ယခင်နှစ် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး တစ်နှစ်ကြာပါက ရိတ်သိမ်းကြောင်း၊ ရိတ်သိမ်းပြီးကြံများကို ပထမဦးဆုံး ကြံရည်ရယူကာ သန့်စင်ပြီး မီးတောက်ပြင်းပြင်းဖြင့် စတင်ကြိုချက်ရကြောင်း၊ ကျိုချက်၍ ရလာသော ကြံအနှစ်များကို ယောင်းမဖြင့် နာနာမွှေပြီးနောက် ကြံသကာခဲများကို နှစ်သက်ရာပုံစံဖြင့် ယူရကြောင်း၊ လက်ရှိတွင် ကြံသကာတစ်ပိဿာလျှင် ငွေကျပ် ၁၀ဝ၀ ကျပ်မှ ၁၅၀ဝ ကျပ်ထိရရှိ၍ မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း၊ နှစ်စဉ်ရိုးရာကြံသကာချက်လုပ် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ကြောင်း" စသည်ဖြင့် ကြံသကာချက်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍  ရှမ်းရွာသစ်မြို့ ကြံသကာချက်လုပ်ရောင်းချသည့် လုပ်ငန်းလုပ်ကိုင်သူ ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

 

ရှမ်းရွာသစ်မြို့အတွင်း၌ ဒေသထွက်ကြံသကာများကို အများဆုံးစားသုံးသည့်အတွက် အရောင်း အဝယ်ကောင်းပြီး အခြားသော ရာသီပေါ်အစားအစာများထက် အဆိုပါ ကြံသကာများသည် ဒေသတွင် နာမည်ရသော အစားအစာတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

 

ဇင်လေး(ပြန်/ဆက်)