ရန်ကုန်၊   ၇   ဇန်နဝါရီ 

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ စားရေးသောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ ဈေးများသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စာသုံးနိုင်စေရန်နှင့် သန့်ရှင်း လတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်များကို ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ဇန်နဝါရီ  ၆  ရက် နံနက် ၇ နာရီက ရွာမအနောက်ရပ်ကွက်၊ သံမဏိစည်ပင်အိမ်ရာနှင့် ကြို့ကုန်း အရှေ့ရပ်ကွက် မဟာသုခိတာ လမ်းတို့တွင် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

 

ရောင်းချရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည် များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ညီနောင်အသင်းများမှ ပူးပေါင်း ဆောင်ရွက်သော အင်းစိန်မြို့နယ်အတွင်းရှိ လူသွားလူလာများသောနေရာများသို့ ဈေးကားများဖြင့် သွားရောက်၍ ရောင်းချပေးရာတွင် ကြက်သား၊ ဝက်သား၊အမဲသား၊ ဆိတ်သား၊ ရေချို/ရေငန်ငါးအမျိုးမျိုး၊ ကြက်ဉ၊ဟင်းသီးဟင်းရွက်များနှင့်စား သောက်ကုန်ပစ္စည်းများ စသည်တို့ကို လူတန်းစား မရွေးဝယ်ယူနိုင်သည့် အလေးချိန်များနှင့် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ထို့သို့ ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အင်းစိန်မြို့နယ်၊ စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း၊ အတွင်းရေးမှူး EO ဦးဝင်းနိုင်နှင့် ဝန်ထမ်းများက ဦးဆောင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ရောင်းချပေးခဲ့ ကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)