ရေး      ၇    ဇန်နဝါရီ  

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်အတွင်း မီးလောင်မှု (၁၇)ကြိမ် ရှိသည့်အနက် မီးဖိုမီး(၆)ကြိမ်နှင့် အခြားမီးလောင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

mdn

 

အဆိုပါ မီးလောင်မှုများမှာ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း မီးဖိုမီး(၆)ကြိမ်၊ ပေါ့ဆမီး(၅)ကြိမ်၊ လျှပ်စစ်မီး(၂)ကြိမ်၊ တောမီး(၁)ကြိမ်၊ ရှို့မီး(၂)ကြိမ်နှင့် အလိုအလျှောက်(၁)ကြိမ်ဖြင့် (၁၇)ကြိမ် ဖြစ်ပွားခဲ့ရာ မီးဖိုမီးမှ (၆)ကြိမ် အများဆုံးနှင့် တစ်နှစ်စာ အတွင်း ပေါ့ဆမီး(၃)ကြိမ်၊ အလိုလျှောက် မီးလောင်မှု(၁)ကြိမ် စုစုပေါင်း(၄)ကြိမ်ဖြင့် ဖေဖော်ဝါရီလအတွင်း မီးလောင်မှု အမြင့်ဆုံး ဖြစ်ပွားခဲ့ပြီး ကျေးရွာများတွင် မီးလောင်မှုအများဆုံး ဖြစ်ပွားခဲ့သည်။

 

ရေးမြို့နယ်တွင်မီးသတ်စခန်း(၃)ခုနှင့် အရန်မီးသတ်စခန်း(၁၀)ခုရှိပြီး မီးဘေးသတိမူရေး၊  မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ကားဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို တစ်ပတ်လျှင် (၃)ကြိမ် ပြုလုပ်ပေးခြင်း၊ တစ်အိမ်တက်တစ်အိမ်ဆင်းမီးစစ်ဆေးခြင်း၊ အရန် မီးသတ်များအား တစ်နှစ်အတွင်း သင်တန်း(၄)ကြိမ် ပို့ချပေးခဲ့ပြီး ဆက်လက်၍ သင်တန်းများ ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြင့် ကျေးရွာများသို့ ကွင်းဆင်းပြီး အသိပညာပေးဟောပြောခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ သဘာဝဘေးဆိုင်ရာ လုပ်ငန်းများနှင့် ရေရှားပါးသည့် ဒေသများသို့ ရေများအခမဲ့လှူဒါန်းပေးခြင်း၊၂၀၁၉ခုနှစ်တွင် မီးလောင်မှု (၁၁) ကြိမ်နှင့် ၂၀၂၀ ပြည့်နှစ်တွင် မီးလောင်မှု(၁၇)ကြိမ်ထိရှိလာသည့်အတွက် ယခုနှစ်တွင် မီးလောင်မှု လျော့နည်းစေရန် ပြည်သူ့များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် မီးလောင်မှု မဖြစ်ပွားစေရေးအတွက် ပြည်သူများက ပါဝင်လာစေရန် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်ကျေးရွာ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတိပေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမြင့်နိုင်ထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)