ပုဗ္ဗသီရိ  ၇  ဇန်နဝါရီ

 

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စု ကွင်းအမှတ် ၁၆၂၃ (ခ) ကွင်းအတွင်း၌ ယနေ့နံနက်ပိုင်းက ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိခဲ့သည်။

 

ဖြစ်စဉ်မှာ ဘဲကုန်းကျေးရွာအုပ်စု၊ ဘဲကုန်းတောင်ရွာနေ မကြယ်စင်လင်းအောင် (၁၀) နှစ်၊ မကြယ်စင်လမင်း (၉) နှစ်တို့နှစ်ဦး ဆိတ်ကျောင်းရာမှ ကွင်းအမှတ် ၁၆၂၃(ခ)အတွင်း၌ အလျား ၁၂ လက်မ၊ အချင်း ၃ လက်မခန့်ရှိ ဗုံးသီးဟောင်းတစ်လုံးအားတွေ့ရှိကြောင်း သတင်းအရ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က သွားရောက်စစ်ဆေးကာ သိမ်းဆည်းခဲ့ကြောင်းသိရသည်။

 

အဆိုပါ ဗုံးသီးဟောင်းအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က နယ်မြေခံတပ်ရင်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)