ကျိုက်မရော၊  ၇  ဇန်နဝါရီ

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်ကျေးရွာရှိ ငါးမွေးသူများအား ကောင်းမွန် သောရေသတ္တဝါမွေးမြူရေး ထုတ်လုပ်မှုကျင့်စဉ့်နှင့်ပတ်သက်သည့် GAqP ဆိုင်ရာ အခြေခံ အသိ ပညာပေး (၁)ရက်သင်တန်းကို ဇန်နဝါရီ ၇ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မော်လမြိုင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးလှမင်းဇော်က ငါးမွေးမြူခြင်း ဆိုင်ရာဥပဒေ၊ ငါးမွေးမြူနည်းစနစ်၊ လယ-၃ဝ လျှောက်ထားရမည့် လုပ်ငန်းစဉ်ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်စုစုကြည်မှ မွေးမြူရေးထုတ်လုပ်မှုကျင့်စဉ်နှင့် ပတ်သက်သည့် လမ်းညွှန် ချက် များကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ပြီး သင်တန်းသို့ ငါးမွေးမြူသူ (၁၈)ဦး တက်ရောက်၍ ပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

MDN