ရန်ကုန်၊ ၇ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဦးတင်ထွဋ်နှင့် တောင်ပိုင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်၊ ကျောက်တန်းမြို့နယ်ငါးလုပ်ငန်းဦးစီး ဌာနမှူး ဦးခင်ဝင်းတို့သည် ကျောက်တန်းမြို့နယ် မုတ္တမပင်လယ်ကွေ့ ကမ်းတက်မြေများတွင်ရွှေပြည်အေးချမ်းဘို့ ဒီရေတောကြိုးပြင် ကာကွယ်တော (၄၉၀၈) ဧကအတွင်း သဘာဝရေငန် ပုစွန်မွေးမြူနေသူများ၏ ပုစွန်မွေးမြူနေသော ကန်များပါရှိသည်ကိုဖြေလျှော့ပေးပါရန် တင်ပြစာ အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး တင်ပြသူများအား ဦးညွန့်ဝင်း၏ပုစွန်ကန်တွင် တွေ့ဆုံမေးမြန်းမှု များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
MDN


