ရန်ကုန်၊ ၈ ဇန်နဝါရီ
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုအရ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရေး တို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင် အသင်းများမှ ယနေ့နံနက် ၇ နာရီမှ စတင်၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁၁၀)ရပ်ကွက်ရှိ ဧကရာဇ်လမ်းနှင့် ချယ်ရီလမ်းများတွင် Mobile market ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့သည်။
အဆိုပါ ဈေးရောင်းချပေးရာနေရာသို့ ဒဂုံမြို့သစ်( အရှေ့ပိုင်း)မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိ သူများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျရောင်းချပေးနိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)


