ဟိုပန်၊ ၈ ဇန်နဝါရီ
မီးဘေးနှင့် ငလျင်ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှု သရုပ်ပြပွဲကို ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီက “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ ခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်သည်။
အခမ်းအနားတွင် မီးသတ်တပ်ဖွဲ့ဝင်များက အထပ်မြင့် အဆောက်အအုံ၌ မီးလောင်မှုဖြစ်ပွားပါက HNE မီးငြှိမ်းသတ်ရေးပစ္စည်း၊ BA Sead အသက်ရှူကိရိယာ၊ သုံးဆင့်လှေကား၊ မီးသတ်ပိုက်လိပ်တို့ဖြင့် မီးငြှိမ်းသတ်ခြင်းလုပ်ငန်းနှင့် အသက်ကယ်ခြင်းလုပ်ငန်းကို လက်တွေ့သရုပ်ပြကြသည်။ ထို့နောက် ငလျင်ဘေး ကူညီကယ်ဆယ်ခြင်းလုပ်ငန်းကို သရုပ်ပြဆောင်ရွက်သည်။
အဆိုပါ သရုပ်ပြပွဲသို့ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးနေဝင်းတိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ခိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး၊ မြို့နယ်ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် ကြက်ခြေနီအသင်းဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ခရိုင်(ပြန်/ဆက်)


