မုဒုံ ၊    ၈   ဇန်နဝါရီ     

 

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မော်တော်ယာဉ် မောင်းနှင်သူများနှင့် လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ် မဖြစ်ပွားစေရန် ဇန်နဝါရီ ၈ ရက် နံနက် ၉ နာရီက မုဒုံမြို့နယ် ကန်ကြီးစေတီတော် ရှေ့မီးပွိုင့် မော်လမြိုင် - သံဖြူဇရပ် ကားလမ်းမကြီး၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် အမှတ် (၇၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု မုဒုံမြို့နယ်မှ ရဲအုပ်အေးမင်းသန်းနှင့် တပ်ဖွဲ့ဝင်များက ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေအရ ယာဉ်မောင်းသူများ သတိပြုရန်၊      မော်တော်ဆိုင်ကယ် မောင်းနှင်သူများ လိုက်နာရန်၊ စက်ဘီးစီးသူများ လိုက်နာရန် စည်းကမ်းချက်များ၊ မော်တော်ယာဉ်များနှင့်ပတ်သက်၍ ပြစ်ဒဏ်များပါဝင်သည့်  လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ ယာဉ်အန္တရာယ်များ မဖြစ်ပွားစေရန် ယာဉ်မောင်းသူများကို ဟောပြောခြင်း  စသည့်အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး  ယာဉ်အန္တရာယ် အသိပညာပေးခြင်း လုပ်ငန်းများကို အပတ်စဉ် တစ်ပတ်လျှင် သုံးကြိမ်ခန့် ပြုလုပ်သွားမည် ဖြစ်ကြောင်း  သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)