မိုးညှင်း၊ ၈ ဇန်နဝါရီ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် သမဝါယမဦးစီးဌာနမှ ပြည်သူများ ဈေးနှုန်းသက်သက်သာသာဖြင့် ငါးဝယ်ယူစားသုံးနိုင်ရန်အတွက် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက ငါးတစ်ပိဿာလျှင် ငွေကျပ် ၈၀ဝ၀ နှုန်းဖြင့် အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးခဲ့ကြောင်း သိရသည်။
COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ဒေသခံပြည်သူများ လွယ်လင့်တကူနှင့် ဈေးနှုန်းသက်သာစွာဖြင့် ငါးဝယ်ယူစားသုံးနိုင်ရေးအတွက် ယခုအစီအစဉ်အား မြို့နယ်သမဝါယမဦးစီးဌာနနှင့် ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိမိုးညှင်းမြို့နယ်အတွင်း ငါး(ငါးကြင်းဖြူ) တစ်ပိဿာ လျှင် ငွေကျပ် ၁၂၀ဝ၀ ခန့်အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများကို သမဝါယမ ဦးစီးဌာနများနှင့် အသင်းစုချုပ်များအနေဖြင့် No Profit , No Loss ကျင့်စဉ်နှင့်အညီ ဝယ်ယူရောင်းချ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်ထွေး(ပြန်/ဆက်)


