လေးမျက်နှာ ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျေးလက်နေ ပြည်သူများ နေ့စဉ်သောက်သုံးလျက်ရှိသည့် ရေအရင်းအမြစ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွား စေသည့် အီကိုလိုင်(Ecoli)ဘက်တီးရီးယားပိုး ပါဝင်မှုရှိ/မရှိ သိရှိနိုင်ရန် ရေနမူနာများ ရယူကာ ရေအရည် အသွေးကို Ecoli Test kit ဖြင့် စမ်းသပ်စစ်ဆေးပေးလျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

လေးမျက်နှာမြို့နယ်၌ကျေးရွာပေါင်း  (၂၈၄)ရွာရှိသည့်အနက် ကနဦးအနေဖြင့် ကျေးရွာပေါင်း (၅၀)ရှိ အများသုံးနေရာများမှ နေ့စဉ်သုံးစွဲလျက်ရှိသည့် ရေအရင်းအမြစ်များကို စစ်ဆေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာများကိုလည်းဆက်လက် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ ထံမှ သိရသည်။

ဝေဝေ(လေးမျက်နှာ)