ပုဗ္ဗသီရိ  ၊ ၈ ဇန်နဝါရီ  

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ငွေကြေးအဆိုပြုလွှာ စာအိတ်(B)များ ဖွင့်ဖောက်စစ်ဆေးခြင်းကို ယနေ့ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်တင်ဒါကော်မတီဥက္ကဌ၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက အဖွင့် အမှာစကား ပြောကြားရာတွင် တင်ဒါအောင်မြင်ရရှိသည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့်စံချိန်စံညွှန်းများပြည့်မီအောင် ဆောင်ရွက်သွားကြရန်လိုအပ် ကြောင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက် အင်ဂျင်နီယာဦးညီညီဇော်က ငွေးကြေးအဆိုပြုလွှာများ၏ နည်းစနစ်များအား ရှင်းလင်းပြောကြား ပြီး  LOT တစ်ခုချင်းစီ၏ ငွေကြေးအဆိုပြုလွှာများအား တင်ဒါအဆိုပြုလွှာအမှတ်ပေးရေးအဖွဲ့မှ ဖွင့်ဖောက်စစ်ဆေးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၁၀ ခုအတွက် နည်းပညာအဆိုပြုလွှာ များကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၉ ရက်ကဖွင့်ဖောက်စစ်ဆေးခဲ့ပြီး နည်းပညာအောင်မြင့်သည့် ကုမ္ပဏီများမှ တင်သွင်းထားသည့် ငွေကြေးအဆိုပြုလွှာများကို ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)