လှည်းကူး၊ ၈ ဇန်နဝါရီ
ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ပြည်တော်သာရပ်ကွက် ဒါးပိန်လမ်းခွဲရှိယာယီပျံကျဈေး၌ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်း(Mask)တပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ ရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ အဆိုပါယာယီပျံကျဈေး၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပျံကျဈေးသည်များအား စနစ်တကျရောင်းချမှုရှိစေရန်၊ ဈေးရောင်းဈေးဝယ်နေရာများတွင် လူစုလူဝေးမဖြစ်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်သည့် အနေဖြင့် တစ်ဦးနှင့်တစ်ဦး (၆)ပေခွာနေပြီးမှ ဈေးဝယ်ကြစေရန်၊ လက်သန့်ဆေးရည်များဖြင့် လက်များကို မကြာခဏ ဆေးကြောသန့်စင်ရန် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်သည့်အနေဖြင့် နေအိမ်ပြင်ပထွက်ခွာသွားလာ သူတိုင်း နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးမှ သွားလာကြစေရန် Mask Campaign ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေး ဆိုင်ရာ စည်းကမ်းလမ်းညွှန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများထံ အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)


