နေပြည်တော် ၈ ဇန်နဝါရီ

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည်   ယမန်နေ့ နံနက် ၈ နာရီခွဲတွင် တာဝန်ရှိသူများနှင့်အတူ အင်းစိန်ဗဟိုအကျဉ်းထောင်သို့ သွားရောက်စစ် ဆေးခဲ့ရာ အကျဉ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်း၊ ရန်ကုန်တိုင်း ဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဇော်၊ အကျဉ်းထောင်တာဝန်ခံအရာရှိနှင့် အကျဉ်းထောင် တာဝန်ရှိသူများက အကျဉ်းထောင်၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် အကျဉ်းထောင်အတွင်း နှင့်အပြင်၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု များအား  PowerPoint ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟိုကင်းပေါ်သို့ တက်ရောက်၍ အကျဉ်းထောင်တွင်း အဆောက်အဦများကြည့်ရှုခြင်း၊  အကျဉ်းထောင်တွင်းဝင်ရောက်၍ ကြည့်ရှုစစ်ဆေးသည်။

ထို့နောက်  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အမှုစစ်ဆေးနေမှုအခြေအနေနှင့် ကျသစ်၊ ချုပ်သစ် များအား Quarantine ထားရှိသည့် အိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစု များကို တွေ့ဆုံမှာကြားသည်။

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် သည် နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဌာနချုပ်ရှိ Command and Control Center တွင် မီးဘေးနှင့် အခြားသောသဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက လျင်မြန်စွာ ထိန်းချုပ်ကွပ်ကဲ တုံ့ပြန်ဆောင် ရွက်နိုင်ရန် ဆောင်ရွက်ထားရှိသည့် အဆင့်မြင့်နည်းပညာရပ်များ၊  အထောက်အကူပြု နည်း စနစ်များနှင့် အထပ်မြင့်အဆောက်အဦများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် အခြားသောလုပ်ငန်းများ အတွက် မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုချက်များနှင့် မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံ ချက်များ ရယူလျှောက်ထားဆောင် ရွက်ရာတွင် Online စနစ်မှ ထုတ်ပေးနိုင်ရေး စီမံဆောင် ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ ပိုင်းခရိုင်ရှိ ဒဂုံမြို့ သစ် (တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းသို့ ရောက်ရှိပြီး မီးသတ်စခန်းတွင် ထားရှိသည့် မီးသတ်ယာဉ်/စက် ပစ္စည်းကိရိယာများကို ကြည့်ရှုစစ်ဆေး၍ တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်းသတ် ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသမှုတို့ကို ကြည့်ရှုအားပေးသည်။

ယင်းနောက် တပ်ဖွဲ့ဝင်များကို ခွန်အားဖြည့်ရိက္ခာများ ပေးအပ်ကာ မီးသတ်စခန်း အတွင်းရှိ တပ်ဖွဲ့ဝင် နေအိမ်လိုင်းခန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ ကြောင်း သိရသည်။

သတင်းစဉ်