လှိုင်းဘွဲ၊  ၈  ဇန်နဝါရီ

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လှိုင်းဘွဲမြို့နယ်၌ ခွင့်ပြုငွေကျပ် (၁၃၆ ဒသမ ၄၀၂)သန်းဖြင့် ကမော့လဲ-ကြာအင်းကျေးရွာ ကျေးရွာချင်းဆက်လမ်း ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းကို အာကာကမ္ဘာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ကမော့လဲ-ကြာအင်းကျေးရွာချင်းဆက်လမ်း (/)မိုင် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၈  ရက်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ  ဇန်နဝါရီ ၈  ရက်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်၍ ပြီးစီးမှုအခြေအနေများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ် ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်နှင့် အဖွဲ့ဝင်များ၊ အာကာကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူတို့က ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးရွာချင်းဆက်လမ်းပတ်ဝန်းကျင်ရှိ အကျိုးပြု ကျေးရွာ()ရွာ၊ အိမ်ခြေ(၂၃၉၉)၊ လူဦးရေ(၁၄၃၉၀)အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင်၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမို တိုးတက်လာမည်ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်