နေပြည်တော်၊  ၈ ဇန်နဝါရီ

ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း(မူကြမ်း)နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ    ရက်  နံနက်ပိုင်းတွင် Virtual meeting အဖြစ် ကျင်းပသည်။

ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဦးစိုးအောင်၊ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွန်ကြားရေးမှူးချုပ်များ၊ ရခိုင်ပြည်နယ်စိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်အဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ ညှိနှိုင်းဆွေးနွေးပွဲသည် ရခိုင်ပြည်နယ်အတွက် အထူးအရေးပါပြီး အလိုအပ်ဆုံးဖြစ်နေသည့်အရာများထဲက တစ်ခုဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ကာလကြာရှည်စွာ ဖွံ့ဖြိုးမှုဆိုင်ရာ အကြပ်အတည်း၊ လူ့အခွင့်အရေးအကြပ်အတည်း၊ လုံခြုံရေးအကြပ်အတည်းဆိုသည့် အကြပ်အတည်း ()ခု ကြုံတွေ့နေရပါကြောင်း၊ ယင်းအကြပ်အတည်း များကို ဖြေရှင်းနိုင်မည့် နည်းလမ်းများစွာထဲမှ ဒေသအတွင်း နေထိုင်သူအားလုံး၏ အသိဉာဏ်ပညာဝေဖန် ပိုင်းခြားနိုင်မှု၊ မှန်ကန်စွာသုံးသပ်နိုင်မှု၊ ကြောင်းကျိုးဆင်ခြင်နိုင်မှု မြင့်မားတိုးတက်ရေးသည် အဓိကကျပါ ကြောင်း၊ ထိုအရာများ မြင့်မားတိုးတက်နိုင်ရန် ပညာတတ်များရန် ပညာရည်တိုးတက်မှုနှုန်း မြင့်မားရန် လိုအပ်ပါကြောင်း၊ ပညာရည်မြင့်မားမှ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ၊ စီးပွားရေးကဏ္ဍများ၊ ကြောင်းကျိုးဆင်ခြင်နိုင်မှုများ မြင့်တက်လာကာ လူမှုစီးပွားဘဝ များ ပြောင်းလဲလာပြီး တွေ့ကြုံနေရသည့် အကြပ်အတည်းများကို လျော့နည်းလာစေမည်ဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်သည့် ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း (မူကြမ်း)သည် ထူးခြားသော အပြောင်းအလဲတစ်ခုကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက် (၈၈) ချက်ကို အကောင်အထည် ဖော်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများက ရခိုင်ပြည်နယ် အစိုးရနှင့် နီးကပ်စွာညှိနှိုင်းပူးပေါင်းပြီး အကြံပြုချက်ပါလုပ်ငန်းများကို ကဏ္ဍများအလိုက် ဝိုင်းဝန်း ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက် နေကြသည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ အကြံပြုချက်များတွင် ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ရန် အကြံပြုချက်()ချက်ရှိသည့်အနက် အကြံပြုချက် အမှတ်စဉ်(၃၄) တွင် ပါသော အစိုးရသည် ရခိုင်ပြည်နယ်၏ ပညာရေးကဏ္ဍ အထူးမြင့်မားတိုးတက်စေရန် စီမံချက်တစ်ရပ်ကို ပြည်နယ် အတွင်းနေထိုင်သူအားလုံး တူညီသော ပညာသင်ကြားခွင့်ရရှိရေး၊ ပညာရေးဂုဏ်မြင့်မားရေး၊ စာသင်ကျောင်းများနှင့် သင်ထောက်ကူပစ္စည်းများ တိုးတက်ကောင်းမွန်လာစေရေး စသည့်အချက်များကို အခြေခံပြီး ဘက်ပေါင်းစုံထည့်သွင်းစဉ်းစားကာ စီမံချက်တစ်ရပ် ရေးဆွဲအကောင်အထည်ဖော်ရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က တိုက်တွန်းထားသည်များရှိပါကြောင်း။

ပညာရေးသည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်းဆိုသည့် အတားအဆီးတံခါးကို ဖွင့်နိုင်မည့် သော့ဖြစ်ပါ ကြောင်း၊ လူတိုင်းလက်လှမ်းမီပြီး ဖွံ့ဖြိုးမှုနောက်ကျခြင်း တံခါးမှနေ လူတိုင်းဖွင့်ထွက်နိုင်ရန်လိုပါကြောင်း၊ ပညာရည်မြင့်မားလာခြင်းကြောင့် ပြဿနာအပေါ် ချဉ်းကပ်မှုပုံစံများလည်း ပြောင်းသွားနိုင်ပြီး ဖြေရှင်း ဆောင်ရွက်နည်းအမျိုးမျိုးတို့မှတဆင့် ပဋိပက္ခများကို ရှောင်ရှားနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ် ကြရင်းဖြင့်  ထာဝရ ငြိမ်းချမ်းရေးလမ်းစပေါ်ကို ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း။

ယနေ့ ဆွေးနွေးမည့် ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း (Comprehensive Education Plan for Rakhine State - CEPR) (မူကြမ်း)သည် ကိုဖီအာနန် ၏ အကြံပြုချက်နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (The Independent Commission of Enquiry - ICOE) အကြံပြုချက်များတွင် ပါဝင်သည့် ပညာရေးနှင့်လူမှု စီးပွားဘဝဖွံ့ဖြိုးမှု ချိတ်ဆက်နေရေးအတွက် အထူး အလေးထား အကောင်အထည်ဖော်ရန် လိုအပ်သည့် သဘောတရားများကို အခြေခံထားသည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်  အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံလူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (AHA Centre) တို့ ပူးပေါင်းပြီး ပြန်လည်လက်ခံရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဖော်ထုတ်ထားသော ကနဦးလေ့လာဆန်းစစ်ချက် အစီရင်ခံစာ Preliminary Needs Assessment (PNA) တွင်လည်း ထိုအချက်ကို အထူးပြုဖော်ပြထားပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် ပညာရေးက အဓိကအကြောင်းအချက်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်းက အရေးကြီးပါကြောင်း။

ရခိုင်ဒေသတွင် နေထိုင်သူများ ပညာရည်မြင့်မားလာပြီဆိုပါက  နိုင်ငံသားဖြစ်မှု ဆိုင်ရာကိစ္စရပ်နှင့် စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များအတွက် ကြီးမားသော အထောက်အကူဖြစ်စေပြီး လွတ်လပ်စွာ သွားလာခွင့်နှင့် လူမှုသဟဇာတဖြစ်ရေးတို့ကို ဆက်လက်တိုးတက်စေမည်ဖြစ်ပါကြောင်း၊ လူမှုသဟဇာတ ဖြစ်မှု တိုးတက်လာပြီဆိုလျှင် လုံခြုံရေးကဏ္ဍများ၊ ကျန်းမာရေးကဏ္ဍများပါ တိုးတက်လာပြီး ရခိုင်ပြည်နယ် ၏ ကြုံတွေ့နေရသော အကြပ်အတည်းများ တဖြည်းဖြည်းလျော့ပါးလာကာ ဒေသ၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တစ်ဟုန်ထိုး ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။

ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း (မူကြမ်း) အကြောင်းကို အလွှာအသီးသီးက သိရှိနားလည်ထောက်ခံရေး၊ ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ နောက်ဆုံးအခြေအနေများနှင့်အညီ ရှေ့ဆက်ဆောင်ရွက်နိုင်ရေးတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သော ပူးပေါင်း ဆောင်ရွက်မှုများကို ဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရခိုင်ပြည်နယ်တွင် မစ္စတာကိုဖီအာနန် ဦးဆောင်သော အကြံပေးအဖွဲ့၏ အစီရင်ခံစာအရ ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေး စီမံကိန်း(မူကြမ်း)ကို ပြုစုလျက်ရှိပါကြောင်း၊ အဆိုပါစီမံကိန်း(မူကြမ်း)တွင် အဓိက ဆောင်ရွက် မည့် နယ်ပယ် ခုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ရန်ရှိပါကြောင်း၊ အဆိုပါဆောင်ရွက်မည့် နယ်ပယ်()ခုမှာ ကျန်းမာ၊ လုံခြုံ၊ ဘေးကင်း၍ အရည်အသွေး ကောင်းမွန်သောပညာရေး၊ မည်သည့်ခွဲခြားမှု မျှမရှိဘဲ လူတိုင်း အကျုံးဝင် အတူတကွသင်ယူ နိုင်သော ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာသင်တန်း (TVET) နှင့် တစ်သက်တာလေ့လာသင်ယူ မှုအပါအဝင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် ကျွမ်းကျင်မှုကို အလေးထားသောပညာရေးနှင့် အဆင့်မြင့်ပညာရေးအတွက် အခွင့်အလမ်းများရရှိရေး၊ ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများတို့၏ စွမ်းဆောင်ရည်ကို ဖွံ့ဖြိုးတိုးတက်စေခြင်းအားဖြင့် လေ့လာသင်ယူမှုကို ဖြစ်ထွန်းစေရေးတို့ ဖြစ်ပါကြောင်း။ 

ရခိုင်ပြည်နယ်ဖွံဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်အတွက် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၁)အရ ပညာရေးကဏ္ဍတွင် လိုအပ်ချက်များကို ဖြည့်ဆည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတဖြစ်မှုကို ပိုမိုအားကောင်း စေရေးအတွက် အတူသင်စီမံချက် ကို အတူတကွ ကျောင်းသွားခြင်း၊ အတူစာဖတ်ခြင်း (Reading together) အတူတကွကစားခြင်း၊ ကျောင်းတွင်းရေနှင့် သန့်ရှင်းရေးကဏ္ဍကိုအတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဆရာ၊ ဆရာမများကို အတူတကွ ထောက်ပံ့ပေးခြင်းစသော အဓိကအစီအစဉ် ရပ်ဖြင့် ဆောင်ရွက် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း အခြေခံပညာ အဆင့်မြင့်ပညာနှင့် နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး ကဏ္ဍအသီးသီးတွင် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို စိစစ်အကဲဖြတ်ပြီး ထောက်ပံ့ပေးနိုင်ရေးအတွက် ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း(မူကြမ်း)နှင့် ချိတ်ဆက်ကာ ဖြည့်ဆည်းဆောင်ရွက်ပေးမည့်အစီအစဉ်များကို ညှိနှိုင်း ဆွေးနွေး အကြံပြုကြစေလိုပါကြောင်း၊ ဆက်လက်၍လည်း ရခိုင်ပြည်နယ်အကြံပေးအဖွဲ့၏ အစီရင်ခံစာ၏ အကြံပြုချက်နှင့်အညီ ကျန်းမာ၊ လုံခြုံ၊ ဘေးကင်း၍ အရည်အသွေးရှိသည့် ပညာရေးကို ဦးတည်အကောင် အထည်ဖော်နိုင်ရေးအတွက်  ပူးပေါင်းညှိနှိုင်းဆွေးနွေး အကြံပြုချက်များ ရယူပြီးဆောင်ရွက်သွားလိုပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနများအနေဖြင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အခြေခံပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက ကဏ္ဍအလိုက် လိုအပ်ချက် စစ်ဆေးအကဲဖြတ် ချက်များနှင့် ရခိုင်ပြည်နယ်ဘက်စုံလွှမ်းခြုံသောပညာရေး စီမံကိန်း(မူကြမ်း)နှင့် ဆက်စပ်ပံ့ပိုးဆောင်ရွက် အကောင်အထည်ဖော်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက မေးမြန်းဆွေးနွေးအကြံပြုခြင်း များဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့က နိဂုံးချုပ်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်