နေပြည်တော် ၊ ၈ ဇန်နဝါရီ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်အားကစားကွင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန (၂)ထပ်ရုံး၊ အား/ကာမှူးနေအိမ်(၁) ထပ်နှင့် RC ခြံစည်း ရုံးတည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈ နာရီ က ဇဗ္ဗူသီရိမြို့နယ် (ရွှေကြာပင် အားကစားကွင်း) မြေနေရာ၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်းနှင့် တာဝန်ရှိသူများက ပန္နက် (၉) ချက်တင်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ ပျဉ်းမနားမြို့နယ်၊ ဘောဂဝတီ အားကစားကွင်း တည်ဆောက်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနား၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗသီရိ အားကစားကွင်းတည်ဆောက်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနားနှင့် တပ်ကုန်းမြို့နယ် (A)အားကစားရုံ တည်ဆောက်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနားများကို ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန်၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တင့်၊ (စိုးလျှပ်စစ် ဖောင်ဒေးရှင်း)ဥက္ကဋ္ဌ ဦးကျော်မင်းထွန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ၊ သတ်မှတ်နေရာများအလိုက် ပန္နက် (၉)ချက်တင်၍ အမွှေးနံ့သာရေများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


