ဟားခါး                     ဇန်နဝါရီ                      

အာဆီယံအပေါင်း()အရေးပေါ် အရန်ဆန်ရိက္ခာ(APTERR)အစီအစဉ်()အရ ကိုရီးယားသမ္မတ နိုင်ငံမှ လှူဒါန်းထားသည့် ဆန်ရိက္ခာ ()တန်ကို ချင်းပြည်နယ်ရှိ COVID-19 ရောဂါ ခံစားရသည့် ပြည်သူများအတွက် ထောက်ပံ့နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဆင့် ချင်းပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ရက် ညနေ နာရီတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်က COVID-19 ရောဂါကို မြန်မာနိုင်ငံတွင် ချင်းပြည်နယ် တီးတိန်မြို့၌ စတင်တွေ့ရှိခဲ့ကြောင်း၊ COVID-19 ရောဂါ ရင်ဆိုင်ကျော်လွှားနိုင်ရန် ချင်းပြည်နယ်တွင် အရေးပေါ်တုံ့ပြန်ရေးကော်မတီများ ဖွဲ့စည်းပြီး ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွင်း ရောဂါဖြစ်ပွားနေ သူများကို သက်ဆိုင်ရာ ဆေးရုံကြီးများတွင် ကုသပေးလျက်ရှိကြောင်း၊ အနီးကပ်ထိတွေ့ခဲ့သူ primary contact များနှင့် ပြည်ပ နေရပ်ပြန်ပြည်သူများကို Home Quarantine, Facility Quarantine များ ထားရှိကြောင်း၊ အသွားအလာကန့်သတ်မှုခံယူသူများကို ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များက စားနပ်ရိက္ခာများ ထောက်ပံ့ ပေးလျက်ရှိကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးအောင်မျိုးဦး က အာဆီယံအပေါင်း()အရေးပေါ် အရန်ဆန်ရိက္ခာ(APTERR)အစီအစဉ်()အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းထားသည့် ဆန်ရိက္ခာ ()တန်ကို ချင်းပြည်နယ်ရှိ COVID-19 ရောဂါ ခံစားရသည့် ပြည်သူများအတွက် ထောက်ပံ့နိုင်ခြင်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီးနောက် ဆန်ရိက္ခာ လွှဲပြောင်း ပေးအပ်ခြင်းဆက်လက်ကျင်းပရာ  ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူများက ဆန်ရိက္ခာများလွှဲပြောင်းပေးအပ်ရာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြသည်။

အာဆီယံအပေါင်း()အရေးပေါ် အရန်ဆန်ရိက္ခာ(APTERR)အစီအစဉ်()အရ ကိုရီးယားသမ္မတ နိုင်ငံမှ လှူဒါန်းထားသည့် ဆန်တန်ချိန် (၆၀၀)အနက် ချင်းပြည်နယ်မှ ရရှိသည့် ဆန်()တန် ဆန်အိတ် (၂၀၀)ကို လူတစ်ဦးလျှင် ရက် ၂၀ စာနှုန်းဖြင့် တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာအတွက် ဆန်အိတ် (၁၀၀)နှင့် ပလက်ဝမြို့နယ်အတွက် ဆန်အိတ် (၁၀၀)ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)