ဟားခါး ၊ ၉ ဇန်နဝါရီ
ဟားခါးမြို့ တိုင်းရင်းဆေးရုံတွင် တက်ရောက်ဆေးကုသလျှက်ရှိသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းက ချင်းပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ တပ်ဖွဲမှူး ဦးကျုံဟူးနှင့် တပ်ဖွဲ့ဝင်များက သောက်ရေသန့်များနှင့် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းပေးခဲ့သည်။
လှူဒါန်းရာတွင် နှာခေါင်းစည်း Mask (၂၀၀)၊ လက်အိတ် Glove (၁၀၀)၊ လက်သန့်ဆေးရည် Hand Gel (၉)ဘူး၊ သောက်ရေသန့် (၄)ကတ်တို့ကို လှူဒါန်းပေးခဲ့သည်။
ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်နှင့် ဘေးဒုက္ခကျရောက်သူ များအားကူညီရန် စသည့်လုပ်ငန်းစဉ် (၃)ရပ်နှင့်အညီ ပြည်သူများအား ကူညီထောက်ပံ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


