နေပြည်တော်၊  ၉  ဇန်နဝါရီ 

အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၇ ရက် ညနေ ၅ နာရီမှ ဇန်နဝါရီ ၈ ရက် ညနေ ၅ နာရီထိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် မောင်းနှင် သွားလာလျက်ရှိသော မော်တော်ယာဉ်များအား အမြန်နှုန်းတိုင်းတာသည့် စက်ကိရိယာဖြင့် စစ်ဆေးခဲ့ရာ အမှတ်(၃)တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သော မော်‌တော်ယာဉ် ၅ စီး၊ ဖြူးတိုးဂိတ်၌ မော်တော်ယာည် ၆ စီး၊ သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် ၄ စီး၊ စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၄ စီး၊ စုစုပေါင်း ၁၉ စီးဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့ သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

(ရဲပြန်ကြား)