ပဲခူး၊ ၉ ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းက လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သာယာဝတီခရိုင် ဇီးကုန်းမြိုနယ် စံပါယ်မြှောင်ကျေးရွာအုပ်စု တောင်ရေကန်ကျေးရွာနှင့် နတ္တလင်းမြို့နယ် တောင်ယာတော ကျေးရွာအုပ်စု၊ တောင်ယာတောကျေးရွာသို့ ဆက်သွယ်သွားလာနိုင်မည့် မြေသားလမ်းဖောက်လုပ်နိုင် ရေး မြေပြင်အခြေအနေအား ကွင်းဆင်းကြည့်ရှုကြသည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်လူက ဇီးကုန်းမြိုနယ် တောင်ရေကန်ကျေးရွာနှင့် နတ္တလင်းမြို့နယ် တောင်ယာတော ကျေးရွာသို့ ဆက်သွယ်သွားလာနိုင်မည့် မြေသားလမ်းဖောက်လုပ်နိုင်ရေး ဆောင်ရွက်ထားရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန် လမ်းပန်း ဆက်သွယ်ရေးကောင်မွန်မှုသည် အဓိကကျကြောင်း၊ အဆိုပါ ကျေးရွာချင်းဆက် လမ်းကြီးပေါ်ပေါက်လာပါက ဒေသနေပြည်သူများ များစွာအကျိုးရရှိလာမည် ဖြစ်သည့်အတွက် အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ဇီးကုန်းမြိုနယ် တောင်ရေကန်ကျေးရွာနှင့် နတ္တလင်းမြို့နယ် တောင်ယာတောကျေးရွာသို့ ဆက်သွယ်သွားလာနိုင်မည့် မြေသားလမ်းဖေါက်လုပ်မည်ဆိုပါက လမ်းအရှည်(၃/၃.၂)မိုင်ရှိပြီး ယင်းလမ်းပေါ်တွင် ပေ(၆၀) ကွန်ကရစ်တံတား(၁)စင်း၊ (၄၅)ပေ ကွန်ကရစ်တံတား(၁)စင်း၊ (၁၀)ပေ ကွန်ကရစ်တံတား(၁)စင်း၊ (၅)ပေ  Box Culvert (၁၀)စင်း တည်ဆောက်ရမည်ဖြစ်ပြီး မြေယာလျော်ကြေး (၂၀.၉၉)ဧက ပေးဆောင်ရမည်ဖြစ်သဖြင့် ခန့်မှန်းကုန်ကျငွေမှာကျပ် ၈၀၉.၈၃၀ သန်း ကုန်ကျမည်ဖြစ်ကြောင်းသိရသည်။

ဇီးကုန်းမြိုနယ် တောင်ရေကန်ကျေးရွာနှင့် နတ္တလင်းမြို့နယ် တောင်ယာတောကျေးရွာသို့ ဆက်သွယ်သွားလာနိုင်မည့် လမ်းဖောက်လုပ်ပြီးစီးပါက ဇီးကုန်းမြို့နယ်အတွင်းမှ အကျိုးပြု ကျေးရွာ(၄)ရွာ၊ အိမ်ခြေ(၃၉၂)အိမ်၊ လူဦးရေး(၁၅၅၆)ဦးတို့အား အကျိုးပြုမည်ဖြစ်ပြီး နတ္တလင်းမြို့နယ် တွင်းမှ ကျေးရွာ(၇)ရွာ၊ အိမ်ခြေ(၁၄၂၄)အိမ်၊ လူဦးရေ(၅၇၁၄)ဦး၊ စုစုပေါင်း ကျေးရွာ(၁၁)ရွာ၊ အိမ်ခြေ(၁၈၁၆)အိမ်၊ လူဦးရေ(၇၂၇၀)ဦးတို့အား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ကြို့ပင်ကောက်မြို့နယ် ထန်းကုန်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများအကြား လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးတို့အတွက် တံတားနှင့်လမ်း ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)