နေပြည်တော် ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ယနေ့နံနက် နာရီက မိုးနတ်ကုန်းကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တ မြို့နယ်ဦးစီးမှူး ဒေါ်မီမီအောင်ထံမှသိရသည်။

မိုးနတ်ကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေး နှစ်က ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ဒုတိယနှစ်စက်ဝန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်မည့်သူ ၅၆ ဦးအတွက် ငွေကျပ် ၁၁၇ ဒသမ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်မည့်သူ ၉၃ ဦးအတွက် ငွေကျပ် ၁၆၂ သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်မည့်သူ ၁၉ ဦး အတွက် ငွေကျပ် ၃၈ ဒသမ သိန်း၊ စုစုပေါင်း အသင်းဝင် ၁၆၈ ဦးကို စီမံကိန်းရန်ပုံငွေကျပ် ၃၁၈ သိန်းကို ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ပြား ၅၀ ဖြင့် ထုတ်ချေးပေးခဲ့ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာ ၂၈ ရွာ၌  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်ကာလအတွင်း မိုးနတ်ကုန်းကျေးရွာ အပြင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာပေါင်း ၂၂ ရွာကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း၊ ချေးငွေများ ထုတ်ချေးပေးရာတွင် လူစုလူဝေးမဖြစ်စေရန် ကျန်းမာရေးနှင့် အာကစားဝန် ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆပ်ပြာဖြင့် လက်ဆေးခြင်း၊ နှာခေါင်းစီးများ တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်စေကာ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ 

ဂျိုင်းလော(သတင်းစဉ်)