မော်လမြိုင်၊ ဇန်နဝါရီ

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ရေတွင်းကုန်ကျေးရွာရှိ ငါးမွေးသူများအား ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး ထုတ်လုပ်မှုကျင့်စဉ်နှင့်ပတ်သက်သည့် GAqP ဆိုင်ရာ အခြေခံအသိပညာပေး ()ရက် သင်တန်းကို ဇန်နဝါရီ    ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးလှမင်းဇော်က ငါးမွေးမြူခြင်း ဆိုင်ရာ ဥပဒေ၊ ငါးမွေးမြူနည်းစနစ်၊ လယ-၃ဝ လျှောက်ထားရမည့် လုပ်ငန်းစဉ်ကိုလည်းကောင်း၊ ဒုတိယ ဦးစီးမှူး ဒေါ်စုစုကြည်က  မွေးမြူရေးထုတ်လုပ်မှုကျင့်စဉ်နှင့် ပတ်သက်သည့် လမ်းညွှန်ချက်များကို လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ပြီး သင်တန်းသို့ ငါးမွေးမြူသူ (၁၈)ဦး တက်ရောက်၍ ပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

MDN