ဖလမ်း၊ ၁၀ ဇန်နဝါရီ

 

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ် စာရင်းစစ်ချုပ် ဦးလာလ်တင်မန်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဂါရီ ၉ ရက် နံနက်ပိုင်းက ဖလမ်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။

 

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖလမ်းမြို့နယ် တလပ်လွန် - ခဲင်ကန် - ခေါရွာ - ကျဲရ်မွန်လမ်း၊ ဖလမ်း-ရိဒ်လမ်းနှင့် အိုင်ကွန်-ကော့ဆဲလမ်း အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက လုပ်ငန်းလျာထားချက် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖလမ်းမြို့နယ်၊ ငါလ်သီးကျေးရွာ ဒေသခံပြည်သူများနှင့် အဆိုပါကျေးရွာခန်းမ၌ တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးတို့က အမှာစကား ပြောကြားကြသည်။ ထို့နောက် ဖလမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှထွေးအောင်က အာလူးနှင့် ဝဥ စိုက်ပျိုးရေးနည်းပညာများကို ဟောပြောဆွေးနွေးပြီး အာလူးနှင့် ဝဥ စိုက်ပျိုးနည်း အသိပညာပေး လက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ခရိုင် (ပြန်/ဆက်)