ဖလမ်း၊ ၁၀ ဇန်နဝါရီ
ဖလမ်းမြို့နယ်၊ ကလောမွန်ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲကို ဇန်နဝါရီ ၉ ရက် ညနေပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပကာ ချင်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအခမ်းအနားတွင် ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်တို့က အမှာစကားပြောကြားကြပြီး ကလောမွန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဗျက်လျန်ဇမ်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ကလောမွန်ကျေးရွာ လျှပ်စစ်မီးကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်းနှင့် ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဖလမ်းမြို့နယ်၊ ကလောမွန်ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် (၁၁၇)သန်း အကုန်အကျခံကာ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျေးရွာရှိ အိမ်ခြေအားလုံး (၂၄)နာရီ လျှပ်စစ်မီးရရှိနေပြီဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


